N5-1 check_circle

N5-1 မိမိကိုယ်ကိုယ်မိတ်ဆက်ခြင်းနှင့်နှုတ်ဆက်ခြင်း (あいさつ)

ဂျပန်စာကို စိတ်ဝင်စားတယ်။ အရမ်းခေတ်မီတိုးတက်တဲ့ ဂျပန်နိုင်ငံကိုလည်း သွားချင်တယ်။ ဒါပေမယ့် ဘယ်ကစလေ့လာပြီး ဘာဆက်လုပ်ရမလဲ မသိဘူး ဆိုသူများ၊ အလုပ်တစ်ဖက်နဲ့မို့ အပြင်သင်တန်းတက်ဖို့ သီးသန့်အချိန်မပေးနိုင်သူများ၊ သင်တန်းမှာ သင်ပြီးသားစာများကို အိမ်မှာ အလွယ်တကူ ပြန်နွှေးလိုသူများမဖြစ်မနေကြည့်သင့်တဲ့ program လေးဖြစ်ပါတယ်။ အခြေခံဂျပန်စာမှစပြီး level အဆင့်ဆင့်ထိကို လိုရင်းတိုရှင်း video များမှတစ်ဆင့် အလွယ်တကူသင်ယူနိုင်ဖို့ လမ်းစကောင်းတစ်ခုဖြစ်တာကြောင့် ဒီ video လေးကနေ စတင်ပြီး ဂျပန်စာလေ့လာကြရအောင်။